Monday, 24 August 2015

HOT POT

HOT POT

HOT POTအရေတွေကအများကြီးရှိပါတယ်
နိုင်ငံတော်တော်များများရဲ့MENUတွေထည်းမှာလည်းတွေ့နေရပါတယ်
ဒါပေမယ့်သူငယ်ချင်းတို့အရမ်းကြိုက်နေတယ့်
ယိုးဒယားစတိုင်နဲ့တရုပ်စတိုင်၂မျိုးကိုဘဲရေးပေးလိုက်ပါ့မယ်ထိုင်းစတိုင်ကတော့KANDAWGYI PALACE HOTELရဲ့စတိုင်ပါယိုးဒယားHOTELဆိုတော့ယိုးဒယားစစ်ပေါ့နော်တရုပ်စတိုင်ကတော့SUMMIT PARKVIEW HOTELရဲ့စတိုင်လေးပါ။CHINESE FOODတွေကိုအဓိကထားတယ့်HOTELကြီးပါ။ကဲစပြီဗျို့ 
အသားတွေအရွက်တွေကတော့ကိုယ်ကြိုက်တာထည့်ပေါ့မရေးပေးတော့ဘူးနော်အရေကအဓိကဆိုတော့အရေဘဲရေးပေးလိုက်ပါရစေနော်။

KANDAWGYI ကတုံယမ်းဟော့ပေါ့
အရိုးပြု တ်ရေ ၁လီတာ
တုံယမ်းအနှစ် နည်းနည်း
ငရုပ်သီးစိမ်း ဓါးပြားရိုက်စားနိုင်သလောက်
အချို မှုန့် ၂ဇွန်းကြီး
ငံပြာရည် ၁ဇွန်းကြီး
သံပုရာရေ ၁ဇွန်းကြီး
စပါးလင် ၃ပိုင်းလောက်ဖြတ်
ရှောက်ရွက် ၂ရွက်လောက်
ဂျင်းဓါးပြားရိုက် နည်းနည်း
ကြက်သွန်ဖြူ ဓါးပြားရိုက် ၃တတ်လောက်
မြန်မာနံနံ နည်းနည်းမသုံးချင်ရင်
တရုပ်နံနံ နည်းနည်းထဲ့ပိုမွှေးတယ်
အကုန်လုံးရောပြီးဟင်းချို လုပ်ပါ။

SUMMIT PARKVIEW ကတရုပ်ဟော့ပေါ့

အရိုးပြုတ်ရေ ၁လီတာ
အချို မှုန့် ၂ဇွန်းကြီး
သကြား ၂ဇွန်းကြီး
ကြက်သားမှုန့် ၃ဇွန်းကြီး
ပဲငံပြာရည်အကျဲ နည်းနည်း
နှမ်းဆီ နည်းနည်း
ငရုပ်ကောင်းမှုန့် နည်းနည်း
တရုပ်နံနံ အရိုးအရွက်အကုန်ထည့် နည်းနည်း
ကြက်သွန်ဖြူ ဓါးပြားရိုက် ၃တတ်လောက်
ဂျင်းဓါးပြားရိုက် နည်းနည်း
အကုန်လုံးရောပြီးဟင်းချို ပြုလုပ်ပါရေဆူရင်ရပြီနော်။

တုံယမ်းအနှစ်မရှိရင်CITY MARKမှာဝယ်လို့ရပါတယ်။

0 comments:

Post a Comment

hlainemyowinn@gmail.com