ထိုင်းနိုင်ငံ၏နာမည်ကြီးအစားအစာတစ်မျိုးဖြစ်တဲ့(Prawn Pad Thai)
ပုဇွန်ဆန်ပြားခေါက်ဆွဲကြော်လေးကြော်စားရအောင်....
ပါဝင်ပစ္စည်းများ....
ဆန်ပြားခေါက်ဆွဲ - ၂၀၀ ဂရမ် (တစ်ထုပ်)
ပုဇွန်ကြား - ၅ ကောင်
တို့ဖူး - ၁၈၀ ဂရမ်
ကြက်သွန်ဖြူ - ၃ မွှာ
မျှင်ငါးပိ - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ဟင်းချက်ဆီ - ၂ ဇွန်း (စားပွဲတင်ဇွန်း)
ကြက်ဥ - ၃ လုံး
သကြားအညို - ၄ ဇွန်း (စားပွဲတင်ဇွန်း)
ငါးငံပြာရည် - ၁၂၀ မီလီလီတာ
ပဲငံပြာရည်အကြည်(light- Sauce) - ၈၀ မီလီလီတာ
မန်ကျည်းသီးအနှစ်ရည် - ၅ ဇွန်း (စားပွဲတင်ဇွန်း)
မြေပဲအခွံချွတ်ပြီး - ၁၀၀ ဂရမ်
ပဲပင်ပေါက် - ၁၅၀ ဂရမ်
ကြက်သွန်မြိတ် (အနည်းငယ်) တို့ဖြစ်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်.. ..
ပထပဦးစွာ ပုံတွင်ပြထားသော ဆန်ပြားခေါက်ဆွဲကို ရေဖြင့် ၁၅- မိနစ်ခန့်စိမ်ထားပါ။ ပန်းကန်လုံးတစ်ခုထဲတွင်ပါဝင်ပစ္စည်းများဖြစ်သည့် (သကြားအညို + ငါးငံပြာရည် + ပဲငံပြာရည်အကြည် + မန်ကျည်းသီးအနှစ်) တို့ကိုထည့်၍ ရောမွှေပြီး ဆော့ပြုလုပ်ထားပါ။
ဒယ်အိုးထဲသို့ဆီထည့်ပြီး ကြက်သွန်ဖြူ သုံးမွှာအားနုပ်နုပ်စဉ်း၍ဆီသတ်ပါ။ ထို့နောက်ပဲပြားအားအချောင်းပုံလေးတွေလှီးပြီးထည့်ပါ။ ပုဇွန်ကို အခွံချွတ်ပြီးထည့်ပါ။မျှင်ငါးပိတစ်ဇွန်းထည့်ပြီး သမအောင်မွှေပေးပါ။ ရေစိမ်းထားသည့် ဆန်ပြားခေါက်ဆွဲအားရောထည့်ပါ။ ထို့နောက်ပန်းကန်လုံးထဲမှ အသင့်ဖျော်ထားသည့်ဆော့အားလောင်းထည့်ပါ။ ခေါက်ဆွဲအားဒယ်အိုးတစ်ဖက်သို့တွန်းပြီး လွတ်နေသော အခြားတစ်ဖက်တွင် ကြက်ဥသုံးလုံးအားထည့်ကြော်ပါ ၊ ကြက်ဥများကျက်သွားလျှင် အားလုံးရောပြီးလှိမ့်ပါ ။ခေါက်ဆွဲအပျော့,အမာမြည်းပြီး မာနေလျှင်ရေအနည်းငယ်ထပ်ထည့်နိုင်ပါသည်။ ပဲပင်ပေါက်အားထည့်ပြီး အနည်းငယ်ရောမွှေပေးပါ။ ....ထို့နောက်ပုံတွင်ပြထားသည့်အတိုင်း ပန်းကန်ပြားထဲသို့ထည့်၍ ခေါက်ဆွဲအပေါ်တွင် မြေပဲ နှင့် ကြက်သွန်မြိတ်အားလိုသလောက်ဖြူးပြီး အသင့်စားသုံးနိုင်ပါသည်
မှတ်ချက်။ ။ Pad Thai ဆန်ပြားခေါက်ဆွဲကြော်ကို ကြက်သားဖြင့်လည်းကြော်စားနိုင်ပါသည်။ ထိုင်းနိုင်ငံ၏နာမည်ကြီးအစားအစာဖြစ်ပြီး အလွန်အရသာကောင်းလှပါသည်
ကျေးဇူးတင်ပါသည်။
Z,TT

0 comments:
Post a Comment