Monday, 24 August 2015

Facebook အသုံးလွန်ခြင်း၏ နောက်ဆက်တွဲပြသနာများ

Facebook အသုံးလွန်ခြင်း၏ နောက်ဆက်တွဲပြသနာများ

နေ့စဉ် လုပ်ငန်းဆောင်တာတွေရဲ့ ပင်ပန်းမှုတွေ ပြေပျောက်စေဖို့ စိတ်အပန်းဖြေစရာ ဆိုတာ လိုအပ်ကြပါတယ်။ လူတော်တော်များများကတော့ Facebook ကို စိတ်အပန်းဖြေဖို့အတွက် အသုံးပြုလာကြပါပြီ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

Facebook ဆိုတာ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးတွေ ကောင်းမွန်ဖို့ ၊ ဗဟုသုတဖလှယ်ဖို့ အသုံးဝင်ပါတယ်။ သို့ပေမဲ့ အချိန်အတော်များများကို Facebook သုံးရင်း ကုန်ဆုံးစေမယ်ဆိုရင်တော့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

Facebook သုံးခြင်းကို နေ့စဉ်ဘဝမှာ ပုံမှန်လုပ်နေကျ ဖြစ်လာရင် အလေ့အကျင့်တစ်ခုအဖြစ် ကူးပြောင်းသွားပါလိမ့်မယ်။ နောက်တော့ နားချိန်တွေနည်းလာပြီး မိသားစုနဲ့ ရင်းရင်းနီးနီး နေထိုင်သင့်တဲ့ အချိန်တွေပါ ဆုံးရှုံးသွားပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်အရင်းနီးဆုံးသူတွေနဲ့ ဆက်ဆံရေးတွေ အေးစက်သွားနိုင်ပါတယ်။

သင့်အတွေးတွေက သင့်ဘဝကို ပုံဖော်နေတဲ့အတွက် သင့်စိတ်၊ အတွေးတွေကို Facebook သုံးခြင်းနဲ့ ဖြုန်းတီးနေမယ်ဆို ဘဝမှာ တကယ်အရေးကြီးတဲ့ အရာတွေအတွက် အချိန်တွေနည်းသွားပါလိမ့်မယ်။

တန်ဆေး လွန်ဘေး ဆိုတဲ့ စကားလဲ ရှိတာမို့ Facebook ကို လိုအပ်သလောက်သာ အသုံးပြုသင့်ပါတယ်။ Facebook သုံးနေတဲ့ အချိန်တွေမှာ ဘဝအတွက် ကြီးကြီးမားမား ဘာမှ မဖန်တီးနိုင်ပေမဲ့ သတိမထားလိုက်မိခင်မှာဘဲ ကိုယ့်ရဲ့တန်ဖိုးထားရမယ့် အရာတွေ ကို လျစ်လျူရှုမိ သွားတတ်ပါတယ်။ ဒါဟာ အချိန်ကြာလာတာနဲ့ အမျှ နောင်တရစရာတွေ ဖြစ်လာနိုင်တဲ့အထိ ထိခိုက်နိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

0 comments:

Post a Comment

hlainemyowinn@gmail.com