Friday, 9 October 2015

ကြက်သားလက်ဖက်ညွန့် ချဉ်စပ်ဆီပြန်

ကြက်သားဟင်းကို ပုံမှန်ချက်နေ ကျနဲ့ အပြောင်းအလဲလေးဖြစ်အောင် လက်ဖက်ညွန့်လေးနဲ့ ချက်ကြည့်ဖို့ဖော်ပြပေးလိုက်ပါတယ်။
 ပြုလုပ်ပုံအဆင့်ဆင့်

၁။ ကြက်သားများကို အတုံးတုံး၍ ရေဆေးပြီး လက်ဖက်ညွန့်၊ ငရုတ်သီး စိမ်း (ဓားပြားရိုက်)၊ အရသာမှုန့်၊ နနွင်းမှုန့်၊ ဆားတို့ဖြင့်နယ်ကာ တစ်နာရီခန့်နှပ်ထားပါ။

၂။ ကြက်သွန်နီကို အခွံနွှာ၍ အလုံးလိုက်ရေဆေးပြီး ကြက်သွန်ဖြူကို မထူမပါးလှီးကာ ချင်းကိုအချောင်းလေးများ လှီးထားပါ။

၃။ ပေါင်းအိုး (Pressure Cooker)ထဲသို့ နှပ်ထားသောကြက်သားများ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ဆီတို့ကိုထည့်၍ သမအောင်နယ်ပေးပါ။

၎။ ထို့နောက် ရေကို ကြက်သားမြုပ်ရုံထည့်၍ မီးအသင့်အတင့်ဖြင့် ၂၅ မိနစ်ခန့်တည်ပေးပါ။ အသားနူး၍ ဆီပြန်လျှင် အရသာမြည်းကာ ထမင်း ဖြူပူပူနှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

မှတ်ချက်-CP ကြက်နှင့်ချက်လျှင် Pressure Cooker သုံးရန်မလို ပါ။ Ei’s Cooking Diary မှပံ့ပိုးကူညီပါသည်။
ပါဝင်ပစ္စည်းများ

ဗမာကြက်တစ်ခြမ်း

လက်ဖက်ညွန့်(ချဉ်စပ်)လက်ဖက်ရည်ပန်းကန်လုံး(၁)လုံး

ကြက်သွန်နီ(သေး)၁၀ လုံး

ကြက်သွန်ဖြူ၅ မြွှာ

ချင်းလက်တစ်ဆစ်

ငရုတ်သီးစိမ်း၁၀ တောင့်

ဆီစားပွဲတင်ဇွန်း ၇ ဇွန်း

0 comments:

Post a Comment

hlainemyowinn@gmail.com