Monday, 7 September 2015

ဖေ့စ်ဘွတ် ပေါ်တွင် မလုပ်ရ ၁၀ ချက်

ဖေ့စ်ဘွတ် ပေါ်တွင် မလုပ်ရ ၁၀ ချက်

ကမ္ဘာမှာ အင်တာနက်အသုံးပြုသူ ၂ ဘီလျံမက ရှိနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူလည်း သန်း ၁ ထောင်ကျော်သွားပါပြီ။ ဒီတော့ ဖေ့စ်ဘွတ် အသုံးပြုလို့ ဝါရင့်နေသူများလည်း ရှိမယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ဝါရင့်ရင့် အောက်ပါ မလုပ်ရ ၁၀ ချက် အခြေခံ အချက်အလက်လေးသိမှ မိမိ အကောင့် လုံခြုံမှာ ဖြစ်ပါတယ်။

၁။ Facebook ကို ဦးစားပေး အီးမေးလ်ပေးခြင်း (email priority)

Facebook အကောင့်ဖွင့်ဖို့အတွက် အခြား အီးမေးလ် ကိုသာ ပေးစေခြင်းဖြစ်ပါတယ်မိမိလုပ်ငန်းသုံး အရေးကြီးတဲ့ အီးမေးလ်ကိုဖေ့စ်ဘွတ်နဲ့တွဲမနေစေဖို့ဖြစ်ပါတယ်အကယ်၍တွဲနေရင်လည်းFacebook မှာမဖော်ပြမိစေဖို့လိုအပ်ပါတယ်Facebookအကောင့်ကိုလုံခြုံရေးလျော့နည်းစေသလိုမိမိအီးမေးလ်ကိုလည်း လုံခြုံရေး လျော့နည်း စေပါတယ်။

၂။ profile နှစ်ခု ထားခြင်း

ပရိုဖိုင်နှစ်ခုနဲ့အကောင့်နှစ်ခုထားတာမျိုးမလုပ်ရပါဘူးလို့ဆိုပါတယ်ဒါကိုအနောက်နိုင်ငံကFacebook user များက တားမြစ်ပါတယ်။ သို့ပေမယ့် Privacy နဲ့ အခြား အွန်လိုင်း ပိတ်ဆို့မှုများရှိနေတဲ့အတွက် မြန်မာပြည်မှာ အပြည့်အဝ အသုံးမပြုနိုင်သေးတဲ့ Facebookရဲ့အခြားအစိတ်အပိုင်းများရှိနေပါတယ်။ ဒါကြောင့်တစ်ခါခါဖုန်းနံပါတ်ထည့်မရလို့အကောင့်ပိတ်တာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်အရံအကောင့် တစ်ခုထားခြင်းကို ပြုလုပ်နိုင် ပါတယ်သို့ပေမယ့်ယင်းထားတဲ့အကောင့်ကိုနောက်လူတစ်ယောက်ပုံစံ အနေနဲ့ မသုံးပဲ ကာကွယ်ရေး အတွက်အမြဲအသင့်ရှိစေတဲ့အကောင့်လိုပဲအသုံးပြုသင့်တာဖြစ်ပါတယ်။

ပရိုဖိုင်တစ်ခုမှာလည်း Status update တစ်မျိုးတင်တယ်။ နောက်တစ်ခု ကလ်ညး ဒါကိုပဲ တင်တယ် သို့မဟုတ်အခြားတစ်မျိုးတင်တယ်ဆိုရင်တောင်Personalအရအခြားလူမြင်ရင်တောင်မကောင်းပါဘူး။ သို့ပေမယ့် မတော်လို့ ကိုယ်သုံးနေတဲ့ အကောင့် လော့ကျ သွားရင် ဒုတိယအကောင့်နဲ့ အသုံးပြု နိုင်သလို လော့ဖွင့်ရန် ကြိုးပမ်းနိုင်ပါတယ်။ Facebook Page ၊ Groupကိုတစ်ဦးတည်းလုပ်ထားသူ အနေနဲ့ အရံ အကောင့် တစ်ခုနဲ့ Admin Manager လုပ်ထားသင့် ပါသေးတယ်။ ဒီတော့ ပရိုဖိုင် နှစ်ခု မထားရလို့ တားမြစ်ပေမယ့် အကောင့် နှစ်ခုကတော့ အခြေအနေအရ ထားသင့်ပါတယ်။

၃။ မက်လုံးပေးသော Page များကို Like လုပ်ခြင်း၊

နိုင်ငံခြားမှာ တော်တော်ခေတ်စားပါတယ်။ ဒီ Page ကို Likeရင်iPhoneအလကားပေးမယ်ပေါင်မုန့် အိမ်အရောက် ပို့မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်က app နဲ့ တိုက်ခိုက်ပြီး အကောင့်ကို ခိုးဖို့ ဖြစ်ပါတယ်။

၎။ မက်လုံးပေးသော App များကို အသုံးပြုခြင်း

အချို့ ကျတော့ မိမိစီးပွားရေး အလွယ်တကူ လူသိများရန်အတွက် App ကို သုံးတတ်ပါတယ်ဒီမှာUser တစ်ယောက်ကယင်းappကိုclickနှိပ်မိရင်အလိုအလျောက်သူ့သူငယ်ချင်းများထံဆက်လက်ပြန့်ပွားသွားတာမျိုး ဖြစ် ပါတယ်။ ဒါက အန္တရာယ်ရှိပါတယ်။ အဓိက ကတော့ Personal information များပေးလိုက်ရတဲ့အတွက်အကောင့်လုံခြုံရေးလျော့နည်းသွားပါတယ်အချို့ကျတော့လည်းလူအံ့အောလောက်မယ့် ကောလဟာလကို app လုပ်ပို့တတ်ပြီးLikeနှိပ်သူWallမှာဆက်တိုက်တက်တာမျိုးလည်း ဖြစ်ပါတယ်။ ဗိုင်းရက်စ်အနေနဲ့တောင် တိုက်ခိုက်နိုင်ပါတယ်။

၅။ ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာ အဖြစ် အသုံးပြုခြင်

အချို့ကဖေ့စ်ဘွတ်ကိုယာယီသိုလှောင်စရာလိုအသုံးပြုတတ်ပါတယ်ဒါကမလုံခြုံတဲ့အပြင်လိုသလိုလည်း ဖြစ်မလာတတ်ပါဘူး။ ဥပမာ- မိမိက သိမ်းလိုက်တဲ့ ပုံက အရွယ်ကြီးနေရင် တစ်ခါခါ Facebook က အလိုအလျောက် resolution လျော့ချ ပစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပဲ တစ်ခါခါကျ ကြုံရတတ်ပါတယ်။ ဒါကြောင့် Facebook ကို Permanent Storage အဖြစ် အသုံးမပြုသင့်ပါဘူး။

၆။ မွေးနေ့ ပြည့်ပြည့်စုံစုံ ဖော်ပြခြင်း

မိမိမွေးနေ့ကို ပြည့်ပြည့်စုံစုံ ဖော်ပြတာဟာ အန္တရာယ်ကြီးပါတယ်။ ယင်းမွေးနေ့ကလည်းဖေ့စ်ဘွတ်မှာ လျှို့ ဝှက်ထားသင့်တဲ့အရာဖြစ်ပါတယ်ယင်းအချက်အလက်ကိုကြည့်ပြီးတော့ဟက်ကာများကအကောင့် ခိုးယူနိုင်ပါတယ်။

၇။ emotional ရုပ်ပုံများ ပေါပေါသီသီ အသုံးပြုခြင်း

အသုံးပြုဖို့အတွက်ကိုပဲFacebookကအစရှိသဖြင့်အရုပ်ကလေးများ(emoticons)တို့ကိုပေးထားပါတယ်။ comment box ထဲမှာတောင် အသုံးပြုဖို့အတွက်ဆိုပြီးမကြာသေးမီကမှFacebookအသစ် လုပ်ပေးထားပါတယ်။ ယင်း လက္ခဏာများကို ကိုယ်တင်တဲ့ Post တိုင်း၊ ပေးတဲ့ Commentတိုင်းမှာ ပေါပေါသီသီအသုံးမပြုစေဖို့အနောက်တိုင်းကUserများကလက်ခံထားပါတယ်ယင်းလက္ခဏာများအား အလွန်အကျွံသုံးစွဲခြင်းဟာတစ်ဖက်ရဲ့တင်ပြချက်ကိုမလေးစားရာအခြားထင်မြင်စရာပေးစွမ်းတာမျိုးကြောင့်လို့ ဆိုကြပါတယ်။ လက္ခဏာလေးများကို ဆင်ခြင် အသုံးပြုဖို့ဆိုပြီးအနောက်တိုင်းကuserများက အကြံပြုထားကြပါတယ်။ ပြီးတော့လည်း ယင်း Emoticons နဲ့ ကွန်းမင့်ပေး တာများရင်Facebook က ဖြတ်တတ်ပြီး ပိုများလာရင် သတိပေးစာ ရောက်တတ်တယ် လို့ ဆိုပါတယ်။

ဘာလုပ်လုပ် Facebook ပေါ်တွင် Update လုပ်ခြင်း

ဒါလည်း မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဥပမာ- အပြင်သွားလိုက်အုံးမယ်လို့ Update တင်လိုက်ခြင်းက အိမ်က သူခိုးလာဖို့ ဖိတ်ခေါ်တာနဲ့ အတူတူပဲ လို့ ဆိုပါတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ်အားလုံးကို Facebookပေါ်မှာတင်နေရင်တော့အကောင့်တင်မကပဲမိမိနဲ့ပတ်ဝန်းကျင်လုံခြုံရေးပါထိခိုက်လာနိုင်ပါတယ်ဓားပြတိုက်ဖို့အတွက်FacebookမှာStatusတင်လူစုတဲ့ဖြစ်ရပ်ကြောင့်လည်းထောင်ကျသွားတဲ့ ပေါက်ပေါက်ရှာရှာ ဖြစ်ရပ် မျိုးတောင် တကယ် ဖြစ်ခဲ့ပါတယ်။

၉။ သတိထားဖွယ် ကွန်းမင့်

ကွန်းမင့် Box ထဲမှာ Xxxxxxxxxx, baaaa,haaaaaa,အစရှိသဖြင့်ဘယ်မှာမှရှာလို့မရတဲ့စာတွေ၊ အက္ခရာအကြီးနဲ့ရေးတဲ့စာတွေ(WOW,AMAZING,WHOISHE?)အစရှိသဖြင့်တို့ကိုရှောင်ကြဉ်ရေးသားရပါတယ်Facebookကအဲဒီလိုစာများနဲ့ကွန်းမင့်ပေးရင်သူ့အလိုအလျောက်လိုက်ဖြတ်ပါတယ်။ အဲဒီလိုပေးပါများရင်တော့Facebookကသတိပေးစာရောက်လာတတ်ပြီးကံမကောင်းရင်အကောင့် လော့ကျ သွားနိုင်ပါတယ်။

၁၀။ ရောက်လေရာ မစစ်ပဲ အကောင့်ဖွင့်ခြင်း

ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်၊ ကွန်ပျူတာ တစ်လုံးပြီးတလုံးဘာမှ မစစ်ဆေးပဲ မိမိ Facebook ကို Log in ဝင်တာမျိုးတွေက အလုပ်များကြပါတယ်။ Log in မဝင်ခင် ဝင်မယ့် Facebook ရဲ့  Welcome page, Address bar ကို သေချာစစ်ဆေးပြီး သေချာပြီဆိုမှ Log in လုပ်သင့်ပါတယ်။အချို့နေရာကျ Facebook ပုံစံ ဖန်တီးပြီး address အတုနဲ့ ခပ်ယောင်ယောင်လုပ်ထးတာမျိုးတို့ရှိပါတယ်ဒါကြောင့် ဆိုင်မှာ စက်တစ်လုံး စဖွင့်ပြီ ဆိုရင် သူအလို အလျောက် ဖွင့်ပေးထားတဲ့ Page ကနေ ဝင်တာထက် ကိုယ်တိုင် Address bar ကနေ လိပ်စာ ရိုက်ပြီး ဝင်သင့်ပါတယ်။

အထက်ပါ ၁၀ ချက်ကို သိရှိနားလည် ကျင်သုံးတတ်မယ်ဆိုရင် မိမိအကောင့်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အောင်ခမ်း (TSJ team)

0 comments:

Post a Comment

hlainemyowinn@gmail.com