Tuesday, 25 August 2015

ဘာ က အ ဓိ က ကျ သ လဲ

ဘာက အဓိက ကျတာလည်း
----------------------------
ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဖြစ်ခဲ့သူမြန်မာနိုင်ငံသား ဦးသန့် ဟာ ထမင်းစားရင်းတောင် စာဖတ်သတဲ့တကယ်တော့ သူသင်ခဲ့တဲ့ အတန်းပညာတခုတည်းကြောင့် သူအောင်မြင်ခဲ့တာ မဟုတ်ပါဘူးစာအုပ်မှန်သမျှကို သဲကြီးမဲကြီး လေ့လာဖတ်ရှု့ခဲ့လို့ သာ အောင်မြင်မှု့
ဆီကို ရောက်ရှိစေတာပါ...

ဗိုလ်ချုပ်အောင်ဆန်းဟာလည်း အသက် ၃၀ ဝန်းကျင်အရွယ်ငယ်ငယ်လေးနဲ့  တကမ္ဘာလုံးက လေးစားရတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဖြစ်ခဲ့ရတယ် ဒါဟာလည်းသူသင်ခဲ့တဲ့ အတန်းပညာတခုတည်းကြောင့်မဟုတ်ပါဘူ သူဘယ်လိုစာပေမျိုးတွေကိုလေ့လာဖတ်ရှု့တယ်ဆိုတာ ဗိုလ်ချုပ်ပြတိုက်ကိုရောက်တဲ့အခါ လေ့လာကြည့်လိုက်ပေါ့စာအုပ်မျိုးစုံကို အလုပ်တွေရှုတ်ပြီး မအားတဲ့ကြားထဲကနေ အချိန်လုပြီး ဖတ်ခဲ့ရတာပါ
ဒါ့ကြောင့်လည်း ဒီလိုအောင်မြင်မှု့တွေရ ရှိခဲ့တာပေါ့....

ကြားဖူးကြမှာပေါ့မြန်မာပညာရှိ ရှင်ဒိသာပါမေက္ခ ဆိုတဲ့ ဦးကြည်ပွေ့ ဟာ ဘုရင်က ပြောလိုမခံချင်စိတ်နဲ့  စာပေမှန်သမျှ ဖတ်ရှု့လေ့လာခဲ့လို့  တရုတ်ပြည်ထိလိုက်သွားပြီး ကူဗလိုင်ခန့်နဲ့ စကားစစ်ထိုးတာအနိုင်ရခဲ့လို့ သာသနာတော် ကွယ်ပျောက်မဲ့အရေးကနေကယ်တင်နိုင်ခဲ့တာပါသူ
ဟာ ဘာခေတ်ပညာမှ မသင်ခဲ့ဘူးပါဘူး...

ပြောချင်တာကအစိုးရမကောင်းလို့  ပညာရေးနိမ့်ပါးတာမှန်ပါတယ်ဒါပေမဲ့မိမိပညာရှိဖြစ်ဖို့ ကပညာရေးစနစ်မြှင့်တင်လည်းကြိုးစားချင်စိတ် စာဖတ်ချင်စိတ်မရှိရင် ဘာမှဖြစ်မလာပါဘူးတကယ်သာ တွေ့ သမျှ စာပေကို ဖတ်တဲ့အကျင့်သာ လုပ်ကြစမ်းပါ ခေတ်ပညာမတတ်သူတွေ
ကလည်း အားငယ်စရာမလိုဘူး ဗုဒ္ဓစာပေတွေကိုသာကျွမ်းကျင်အောင်လေ့လာကြစမ်းပါခေတ်နဲ့ညီအောင်တွေးခေါ်နိုင်ပါလိမ့်မယ်ဗုဒ္ဓစာပေတွေ
ဟာ အတွေးအခေါ်ပညာရှင်ခြင်းယှဉ်ရင်တောင်မှ ထိပ်တန်းကနေ နေရာရပါလိမ့်မယ်လယ်တီဆရာတော်ဘုရားကြီးတို့ဟာဥရောပပညာရှင်များရဲ့ အလေးထားခြင်းကိုခံရတယ်ဆိုတော့ ဗုဒ္ဓစာပေဟာ ဘယ်လိုစာပေမျိုးလည်း သဘောပေါက်ပေါ့ပညာရေးစနစ်ကောင်းအောင် တွန်းလှန်တာလည်း
တွန်းလှန်ပေါ့ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကလည်းပညာရေးမကောင်းလို့ ဆိုတဲ့ ခေါင်းစဉ်နဲ့  ဘာမှမလုပ်ပဲ ထိုင်မနေကြပါနဲ့ စာပေမှန်သမျှ ဖတ်ကြပါ အထူးသဖြင့် ဗုဒ္ဓစာပေတွေကို လေ့လာကြပါ ဖတ်ရှု့ကြပါစာမတတ်လို့  သူများတွေလုပ်ချင်တိုင်းလုပ်နေကြတာကို ခံနေကြရတာပါ...

ပညာရေးစနစ်မကောင်းလို့ ပညာရှိမဖြစ်နိုင်တော့ဘူးလား လို့ မေးရင် ဘယ်လိုဖြေကြမလဲစာဖတ်တဲ့အကျင့်သာ စွဲစွဲမြဲမြဲ ဖြစ်အောင်လုပ်ကြပါ တနေ့ ကျရင် ပညာရှိ ဖြစ်လာပါလိမ့်မယ်ဒါ့ကြောင့်စာတတ်ဖို့ အတွက်ပညာရှိဖြစ်ဖို့ အတွက်သူများအလိမ်မခံရဖို့ အတွက်မိမိဘဝ
ထိပ်တန်းရောက်ဖို့ အတွက်စာဖတ်ကြပါလို့ တိုက်တွန်းပါရစေ....
                                                                    ( ဆရာမြတ်ခိုင်)

0 comments:

Post a Comment

hlainemyowinn@gmail.com