မြန်မာလူမျိုးတွေ စေတနာကောင်းတယ် ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ???
မြန်မာအများစုက (TEAM WORK) အားနည်းတယ်.....
မညီညွတ်ဘူး..ဘေးကနေ သွေးခွဲရလွယ်တယ် .....
မနာလိုစိတ်များတယ်.....
အချင်းချင်းထဲ ကိုယ့်ကိုသာသွားမှာ မလိုလားဘူး.....
သာရင်လဲ မနာလို ဘူး.....
သူများကိုချီးကျူးရင် မကြိုက်ဘူး.....
ကိုယ့်တယောက်ထဲကိုပဲ ချီးကျူးစေချင်တယ်.....
မုဒိတာ မပွားနိုင်ဘူး .....
ကြိုးစားရမယ့်နေရာ တက်တက်ကြွကြွမရှိဘူး.....
သူများမလုပ်ရင် မလုပ်ချင်ဘူး.....
အချောင်ခိုချင်တယ် .....
ပိုက်ဆံရရင် အဖြုန်းများတယ် .....
ဘာဝယ်ရင်ကောင်းမလဲ စဉ်းစားတယ်.....
ကိုယ်နဲ့ အသုံးတည့်တည့် မတည့်တည့်.....
သူများဝယ်ရင် လိုက်ဝယ်ချင်တယ်.....
စီးပွားရေးလုပ်ရမှာ ကြောက်တယ်.....
ရေရှည် အကျိုးစီးပွားကို မမျှော်ကိုးတတ်ဘူး.....
ပုံမှန်သေချာရတဲ့ ငွေကို ပိုမက်တယ်.....
ဝန်ထမ်း ပိုလုပ်ချင်တယ် .....
အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှုနည်းတယ်.....
မိရိုးဖလာအတွေးအခေါ်ကို မပယ်နိုင်ဘူး.....
အများလုပ်တာပဲ စောင့်ပြီး တနိုင်ငံလုံးဝိုင်းလုပ်တတ်တယ်....
ဒါကြောင့် ရေရှည်မခံဘူး
ပြောင်းလဲနေတဲ့ ခေတ်ကို လိုက်နိုင်ဖို့
လိုအပ်တဲ့ ပညာရေးမှာအားနည်းတယ်.....
ဗဟုသုတလေ့လာဖို့ အားနည်းတယ်.....
စိတ်မ၀င်စားဘူး.....
ဝေဖန်တာကို အားသန်ပြီး
လက်တွေ့ ကျကျ ဆောင်ရွက်မှု အားနည်းတယ် .....
အကြုံပြုတာကောင်းပြီး
တကယ့် စီမံခန့် ခွဲမှုဖို့ ကျ ညံ့တယ် .....
ပုတ်ခတ်တာကို မတရားကြိုက်တယ်.....
ကိုယ်ကျရှုံးတိုင်း
သူများလည်း ကျရှုံးရမယ်ဆိုတဲ့ အမြင်ရှိတယ်.....
ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်.....
မအောင်မြင်ရင် ကံကို ပုံချတယ်.....
ကိုယ့်ကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုထဲနဲ့
အရာတော်တော်များကို
တစ်ဖက်သတ်သုံးသပ်တယ်.....
pကိုယ်နဲ့ အမြင်မတူရင်
အားမပေးဘဲ မတရားရှုံ့ချတယ် .....
ဘုရားရှိခိုးတိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး
အခွင့်အလမ်းလာရင်
အခွင့်အလမ်းမှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ် .....
ပြီးတော့ ပုံမှန်ဘဝထဲမှာ ခပ်ပျော်ပျော်နေတယ်.....
ကိုယ့်အကြောင်းထက်သူများအကြောင်းကိုပိုစိတ်ဝင်စားတယ်.....
လေကန်ပြီး အချိန်ဖြုန်းတာများတယ် .....
ပိုဆိုးတာက ပိုက်ဆံတော့ရှိပါရဲ့
တိုးပွားအောင်လုပ်ဖို့ စိတ်ကူးနည်းတယ်.....
ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်.....
အကျိုးရှိအောင် မရင်းနှီးတတ်ဘူး .....
ဘဝမှာ ပိုက်ဆံတစ်ခုပဲရှိအောင်လုပ်တယ်
အောင်မြင် ကျော်ကြားဖို့ 
အများအတွက် ဆောင်ရွက်ဖို့ စိတ်မ၀င်စားဘူး.....
ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး.....
ပညာရှင်တွေကလဲ ကိုယ့်ပညာကို မျှဝေမပေးချင်ဘူး.....
လူတော်တွေပေါ်ထွက်လာအောင် မမွေးမြူချင်ဘူး.....
ဒါတွေက ဆင်းရဲစေတာပါပဲ.....
Credit to Kumara Ashin

0 comments:
Post a Comment